Books of Jame` al-Osool al-Tis`ah min al-Sunnah al-Mutahharh, Ma`alim al-Sunnah al-Nabawiyyah, and al-Wajeez fi al-Sunnah al-Nabawiyyah

The Sunnah of the Prophet.. Accessible to Everyone

image descriptions

Jame` al-Osool al-Tis`ah min al-Sunnah al-Mutahharh

45 Books
image descriptions

Ma`alim al-Sunnah al-Nabawiyyah

51 Books
image descriptions

al-Wajeez fi al-Sunnah al-Nabawiyyah

43 Books
image descriptions

al Ahadith al Kulliyyah

20 Books

Most Viewed

View all

قال تعالى: {وَمَا أُمِرُوا إِلاَّ لِيَعْبُدُوا اللَّهَ مُخْلِصِينَ لَهُ الدِّينَ}. [البينة:5]

4 - (ق) عن عُمَرَ بْنِ الخَطَّابِ رضي الله عنه قَالَ: سَمِعْتُ النَّبِيَّ صلّى الله عليه وسلّم يَقُولُ: (يَا أَيُّهَا النَّاسُ! إِنَّمَا الْأَعْمَالُ بِالنِّيَّةِ [1] ، وَإِنَّمَا لاِمْرِئٍ مَا نَوَى، فَمَنْ كَانَتْ هِجْرَتُهُ إِلَى اللهِ وَرَسُولِهِ [2] ، فَهِجْرَتُهُ إِلَى اللهِ وَرَسُولِهِ، وَمَنْ هَاجَرَ إِلَى دُنْيَا يُصِيبُهَا، أَوْ امْرَأَةٍ يَتَزَوَّجُهَا، فَهِجْرَتُهُ إِلَى مَا هَاجَرَ إِلَيْهِ) .

အုမရ် ဗင်န် ခသ်သွားဗ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူခဲ့သည်။ ဧကန်အမှန်ပင် အမလ်လုပ်ဆောင်ချက်များသည် ရည်စူးချက်များအပေါ်တွင် မူတည်သည်။ လူတိုင်းသည် မိမိရည်စူးခဲ့သည့် အရာကိုသာရရှိမည်ဖြစ်သည်။ ထို့ကြောင့် အကြင်သူ၏ ဟိဂျ်ရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်အတွက် ဖြစ်ခဲ့လျှင် ထိုသူ၏ဟိဂျ်ရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်အတွက် ဖြစ်မည်။ ထို့ပြင် အကြင်သူ၏ ဟိဂျ်ရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းသည် လောကီ (အကျိုး)ရရှိရန်အတွက် သို့မဟုတ် အမျိုးသမီးတစ်ဦးအား ထိမ်းမြားရန်အတွက် ဖြစ်ခဲ့မည်ဆိုလျှင် ထိုသူ၏ ဟိဂ်ျရသ် နေရပ် စွန့်ခွာရွှေ့ပြောင်းခြင်းသည် ၎င်းသူစွန့်ခွာရွှေ့ပြောင်းခဲ့သည့် အရာအတွက်ပင် ဖြစ်လိမ့်မည်။

12 - (م) عَنْ أَبِي هُرَيْرَةَ، عَنْ رَسُولِ اللهِ صلّى الله عليه وسلّم أَنَّهُ قَالَ: (وَالَّذِي نَفْسُ مُحَمَّدٍ بِيَدِهِ! لاَ يَسْمَعُ بِي أَحَدٌ مِنْ هَذِهِ الْأُمَّةِ يَهُودِيٌّ وَلاَ نَصْرَانِيٌّ، ثُمَّ يَمُوتُ، وَلَمْ يُؤْمِنْ بِالَّذِي أُرْسِلْتُ بِهِ؛ إِلاَّ كَانَ مِنْ أَصْحَابِ النَّارِ) .

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံမှ ဆင့်ပြန်ခဲ့သည်။ အကြင်အရှင်မြတ်၏ လက်တော်တွင် မုဟမ္မဒ်၏ ဝိညာဥ်ရှိသည်။ ထိုအရှင်မြတ်ကို တိုင်တည်၍ ပြောမည်။ ဤအွမ္မသ်အနက်မှ ဂျူးဖြစ်စေ၊ ခရစ်ယာန်ဖြစ်စေ ငါကိုယ်တော်ကို ကြားသိပြီးနောက် ငါကိုယ်တော်နှင့်အတူ ချပေးခြင်းခံရသောအရာကို မယုံကြည်ဘဲ သေဆုံးခဲ့သော် ထိုသူသည် ငရဲသားများ အနက်မှပင်ဖြစ်သည်။

15 - (ق) عن أَنَسِ بْنِ مَالِكٍ: أَنَّ النَّبِيَّ صلّى الله عليه وسلّم ـ وَمُعاذٌ رَدِيفُهُ عَلَى الرَّحْلِ ـ قَالَ: (يَا مُعَاذُ بْنَ جَبَلٍ) ! قَالَ: لَبَّيْكَ يَا رَسُولَ اللهِ وَسَعْدَيْكَ [1] ! قَالَ: (يَا مُعَاذُ) ! قَالَ: لَبَّيْكَ يَا رَسُولَ اللهِ وَسَعْدَيْكَ! ثَلاَثاً، قَالَ: (مَا مِنْ أَحَدٍ يَشْهَدُ أَنْ لاَ إِلَهَ إِلاَّ اللهُ وَأَنَّ مُحَمَّداً رَسُولُ اللهِ، صِدْقاً مِنْ قَلْبِهِ؛ إِلاَّ حَرَّمَهُ اللهُ عَلَى النَّارِ) . قَالَ: يَا رَسُولَ اللهِ! أَفَلاَ أُخْبِرُ بِهِ النَّاسَ فَيَسْتَبْشِرُوا؟ قَالَ: (إِذاً يَتَّكِلُوا) . وَأَخْبَرَ بِهَا مُعَاذٌ عِنْدَ مَوْتِهِ تَأَثُّماً [2] .

အနတ်စ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)နှင့်အတူ မုအာဇ်သည် အစီးအနင်းပေါ်တွင် ကိုယ်တော်၏ နောက်တွင်လိုက်ပါခဲ့သည်။ ကိုယ်တော်က အို-မုအာဇ် ဟုခေါ်လိုက်ရာ ၎င်းက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးအသင့်ရှိပါသည်။ အမိန့်နာခံရန် အသင့်ရှိပါသည်ဟု ဖြေကြားခဲ့သည်။ ကိုယ်တော်က အို-မုအာဇ် ဟုခေါ်လိုက်ရာ ၎င်းက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးအသင့်ရှိပါသည်။ အမိန့်နာခံရန် အသင့်ရှိပါသည်ဟု ဖြေကြားခဲ့သည်။ ကိုယ်တော်က အို-မုအာဇ် ဟုခေါ်လိုက်ရာ ၎င်းက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးအသင့်ရှိပါသည်။ အမိန့်နာခံရန် အသင့်ရှိပါသည်ဟု ဖြေကြားခဲ့သည်။ ထိုသို့ သုံးကြိမ်ခေါ်တော်မူပြီးနောက် ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- မည်သည့် ကျေးကျွန်မဆို အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်း စိတ်နှလုံးသားထဲမှ မှန်ကန်စွာ သက်သေခံခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ် ငရဲမီးကို ဟရာမ်အဖြစ်သတ်မှတ်တော်မူမည် ဖြစ်သည်။ထိုအခါ ၎င်းက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် လူတို့ဝမ်းမြောက်ပျော်ရွှင်ကြစေရန်အတွက် ဤသတင်းကို ကျွန်တော်မျိုး ပြောပြရမည်လောဟု လျှောက်ထားမေးမြန်းခဲ့သည်။ ကိုယ်တော်က ပြောပြလိုက်လျှင် ၎င်းတို့သည် ထိုအပေါ်တွင်သာ မှီခိုအားထားပြီး(အမလ်ကျင့်ဆောင်မှုမပြုဘဲ) နေကြလိမ့်မည်ဟု မိန့်ကြားခဲ့သည်။ထို့ကြောင့် မုအာဇ်သည် ကွယ်လွန်ခါနီးအချိန်၌ (အသိပညာကို ဖုံးကွယ်ထားသည့်) အပြစ်ဖြစ်မည်ကို စိုးရိမ်သဖြင့် ထိုအကြောင်းကို ပြောပြခဲ့သည်။

30 - (م) عَنْ أَبِي ذَرٍّ، عَن النَّبِيِّ صلّى الله عليه وسلّم، فِيمَا رَوَى عَن اللهِ تَبَارَكَ وَتَعَالَى أَنَّهُ قَالَ: (يَا عِبَادِي! إِنِّي حَرَّمْتُ الظُّلْمَ عَلَى نَفْسِي [1] وَجَعَلْتُهُ بَيْنَكُمْ مُحَرَّماً، فَلاَ تَظَالَمُوا [2] .
يَا عِبَادِي! كُلُّكُمْ ضَالٌّ إِلاَّ مَنْ هَدَيْتُهُ؛ فَاسْتَهْدُونِي أَهْدِكُمْ.
يَا عِبَادِي! كُلُّكُمْ جَائِعٌ إِلاَّ مَنْ أَطْعَمْتُهُ؛ فَاسْتَطْعِمُونِي أُطْعِمْكُمْ.
يَا عِبَادِي! كُلُّكُمْ عَارٍ إِلاَّ مَنْ كَسَوْتُهُ؛ فَاسْتَكْسُونِي أَكْسُكُمْ.
يَا عِبَادِي! إِنَّكُمْ تُخْطِئُونَ بِاللَّيْلِ وَالنَّهَارِ، وَأَنَا أَغْفِرُ الذُّنُوبَ جَمِيعاً؛ فَاسْتَغْفِرُونِي أَغْفِرْ لَكُمْ.
يَا عِبَادِي! إِنَّكُمْ لَنْ تَبْلُغُوا ضَرِّي فَتَضُرُّونِي، وَلَنْ تَبْلُغُوا نَفْعِي فَتَنْفَعُونِي.
يَا عِبَادِي! لَوْ أَنَّ أَوَّلَكُمْ وَآخِرَكُمْ وَإِنْسَكُمْ وَجِنَّكُمْ، كَانُوا عَلَى أَتْقَى قَلْبِ رَجُلٍ وَاحِدٍ مِنْكُمْ، مَا زَادَ ذَلِكَ فِي مُلْكِي شَيْئاً.
يَا عِبَادِي! لَوْ أَنَّ أَوَّلَكُمْ وَآخِرَكُمْ وَإِنْسَكُمْ وَجِنَّكُمْ، كَانُوا عَلَى أَفْجَرِ قَلْبِ رَجُلٍ وَاحِدٍ، مَا نَقَصَ ذَلِكَ مِنْ مُلْكِي شَيْئاً.يَا عِبَادِي! لَوْ أَنَّ أَوَّلَكُمْ وَآخِرَكُمْ وَإِنْسَكُمْ وَجِنَّكُمْ، قَامُوا فِي صَعِيدٍ وَاحِدٍ فَسَأَلُونِي، فَأَعْطَيْتُ كُلَّ إِنْسَانٍ مَسْأَلَتَهُ، مَا نَقَصَ ذَلِكَ مِمَّا عِنْدِي؛ إِلاَّ كَمَا يَنْقُصُ المِخْيَطُ
[3]
إِذَا أُدْخِلَ البَحْرَ.
يَا عِبَادِي! إِنَّمَا هِيَ أَعْمَالُكُمْ أُحْصِيهَا لَكُمْ، ثُمَّ أُوَفِّيكُمْ إِيَّاهَا، فَمَنْ وَجَدَ خَيْراً فَلْيَحْمَدِ اللهَ، وَمَنْ وَجَدَ غَيْرَ ذَلِكَ فَلاَ يَلُومَنَّ إِلاَّ نَفْسَهُ) .

အဗူဇရ်ဂိဖာရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိ၏အရှင်မြတ်ထံတော်မှတဆင့် ဆင့်ပြန်ခဲ့သည်။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ ငါအရှင်မြတ်သည် မတရားမှုကို မိမိအပေါ်တွင် ဟရာမ် အဖြစ်သတ်မှတ်ထားတော်မူသည်။ ထို့အတူ အသင်တို့ ကြား၌လည်း ၎င်းအား ဟရာမ်အဖြစ် သတ်မှတ်တော်မူလိုက်သည်။ သို့ရှိရာ အသင်တို့အချင်းချင်း မတရားမှုမပြုကြလေနှင့်။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ ငါအရှင်မြတ်လမ်းမှန်တရားချီးမြှင့်သူမှအပ အသင်တို့အားလုံးသည် လမ်းမှားနေကြသူများဖြစ်ကြသည်။ သို့ရှိရာ အသင်တို့သည် ငါအရှင့်ထံတော်ပါးတွင် လမ်းမှန်တရားကို တောင်းခံကြလေကုန်၊ ငါအရှင်မြတ်သည် အသင်တို့အား လမ်းမှန်တရား ချီးမြှင့်တော်မူမည်။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ ငါအရှင်မြတ် ကျွေးမွေးသူမှလွဲ၍ အသင်တို့အားလုံးသည် ငတ်မွတ်နေသူများပင်ဖြစ်သည်။ သို့ရှိရာအသင်တို့သည် ငါအရှင့်ထံတော်ပါးတွင် စားနပ်ရိက္ခာ တောင်းခံကြလေကုန်။ ငါအရှင်မြတ်သည် အသင်တို့အား စားနပ်ရိက္ခာ ချီးမြှင့်တော်မူမည်။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ ငါအရှင်မြတ်ဝတ်ဆင်ပေးသူမှအပ အသင်တို့အားလုံးသည် အဝတ်အစား ကင်းမဲ့သူများပင်ဖြစ်ကြသည်။ သို့ရှိရာ အသင်တို့သည် ငါအရှင့်ထံတော်ပါးတွင်အဝတ်အစားဆင်မြန်းပေးရန် တောင်းခံကြလေကုန်။ ငါအရှင်မြတ်သည် အသင်တို့အား အဝတ်အစား ဆင်မြန်းပေးတော်မူမည်။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ ဧကန်အမှန်ပင် အသင်တို့သည် နေ့နှင့်ညတွင် အပြစ်အကုသိုလ်များ ကျူးလွန်နေကြသည်။ငါအရှင်မြတ်သည် အပြစ်အကုသိုလ်အားလုံးကို ခွင့်လွှတ်ချမ်းသာ ပေးတော်မူသည်။ သို့ရှိရာ အသင်တို့သည် ငါအရှင့်ထံ ခွင့်လွှတ်ချမ်းသာခွင့် တောင်းခံကြလေကုန် ငါအရှင်မြတ်သည် အသင်တို့အား ခွင့်လွှတ်ချမ်းသာခွင့် ပေးသနားတော်မူမည်။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ အသင်တို့သည် ငါအရှင်မြတ်အား မည်သည့်အခါတွင်မျှ ဆိုးကျိုး ပေးနိုင်ကြမည်မဟုတ်၊ ငါအရှင်မြတ်အား မည်သည့်အခါတွင်မျှကောင်းကျိုးလည်းပြုနိုင်မည် မဟုတ်ပေ။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ အသင်တို့အနက်မှ ပထမဦးဆုံးလူသား၊ နောက်ဆုံးလူသား၊ လူသားအားလုံးနှင့်ဂျင်န် အားလုံးတို့သည် သင်တို့အနက်မှ အမိန့်နာခံမှုအရှိဆုံး သူတစ်ဦး၏ နှလုံးသားကဲ့သို့ ဖြစ်သွားကြလျှင်လည်း ဤသည် ငါအရှင်မြတ်၏ စိုးပိုင်မှု အာဏာတွင် တစ်စုံတစ်ရာမျှ တိုးလာမည်မဟုတ်ပေ။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ အသင်တို့အနက်မှ ပထမဦးဆုံးလူသား၊ နောက်ဆုံးလူသား၊ လူသားအားလုံးနှင့်ဂျင်န် အားလုံးတို့သည် သင်တို့အနက်မှ အမိန့်အဖီဆန်ဆုံး သူတစ်ဦး၏ နှလုံးသားကဲ့သို့ ဖြစ်သွားကြလျှင်လည်း ဤသည် ငါအရှင်မြတ်၏ စိုးပိုင်မှု အာဏာတွင်တစ်စုံတစ်ရာမျှ လျော့နည်းသွားမည်မဟုတ်ပေ။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ အသင်တို့အနက်မှ ပထမဦးဆုံးလူသား၊ နောက်ဆုံးလူသား၊ လူသားအားလုံးနှင့်ဂျင်န် အားလုံးတို့သည် ကွင်းပြင်ကြီးတစ်ခု၌ ရပ်၍ ငါအရှင်မြတ်ထံမှ (မိမိတို့၏ လိုအပ်ချက်များကို) တောင်းခံကြပြီး ငါအရှင်မြတ်သည် တစ်ဦးချင်းစီ၏ တောင်းခံမှုကို ချီးမြှင့်ခဲ့လျှင်လည်း ပင်လယ်ထဲသို့ အပ်တစ်ချောင်းကို နှစ်မြုပ်လိုက်၍ ပြန်ထုတ်သည့်အခါ လျော့နည်းခြင်း မရှိသကဲ့သို့ပင် ငါအရှင့်ထံတော်မှ တစ်စုံတစ်ရာမျှ လျော့နည်းသွားမည်မဟုတ်ပေ။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ ဧကန်အမှန်ပင်ဤသည် အသင်တို့၏ လုပ်ရပ်များပင်ဖြစ်ပြီး ငါအရှင်မြတ်သည် ထိုလုပ်ရပ်များကို အသင်တို့အတွက် မှတ်တမ်းတင် ထားတော်မူသည်။ ၎င်းနောက်(ကိယာမသ်နေ့၌) ထိုလုပ်ရပ်များကို အသင်တို့အား အပြည့်အဝ ပြန်လည် အစားပေးမည်ဖြစ်သည်။ မည်သူမဆို ကောင်းမြတ်သည့်အစားကို ရရှိခဲ့လျှင် ထိုသူသည် အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောမနပြု(ကျေးဇူးတင်)ပါလေ။ မည်သူမဆို (ကောင်းမြတ်သည့်အစား မဟုတ်ဘဲ) အခြားအရာကို ရရှိခဲ့လျှင် ထိုသူသည် မိမိကိုယ် မိမိသာ အပြစ်တင်ပါလေ။

35 - (ق) عَنْ أَبِي هُرَيْرَةَ رضي الله عنه، عَنِ النَّبِيِّ صلّى الله عليه وسلّم أَنَّهُ قالَ: (إِنَّ اللهَ يَغَارُ، وَغَيْرَةُ اللهِ أَنْ يَأْتِيَ المُؤْمِنُ مَا حَرَّمَ اللهُ) .

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံမှ ဆင့်ပြန်ခဲ့သည်။ ဧကန်အမှန်ပင် ကြီးကျယ်မြင့်မားတော်မူသော အလ္လာဟ်အရှင်မြတ်သည် (အမျက်ဒေါသဖြင့်)မခံချင်စိတ် ဖြစ်တော်မူသည်။ အရှင်မြတ်၏ မခံချင်စိတ်ဖြစ်ခြင်းသည် လူတစ်ဦးက အလ္လာဟ်အရှင်မြတ် တားမြစ်ထားသည့် အရာကိုကျူးလွန်သည့် အခါတွင်ဖြစ်သည်။

40 - (ق) عَنْ أَنَسٍ قَالَ: قَالَ النَّبِيُّ صلّى الله عليه وسلّم: (لاَ يُؤْمِنُ أَحَدُكُمْ حَتَّى أَكُونَ أَحَبَّ إِلَيْهِ مِنْ وَالِدِهِ وَوَلَدِهِ وَالنَّاسِ أَجْمَعِينَ) .

အနတ်စ်နှင့် အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့အနက် မည်သူမဆို မိမိ၏ သားသမီး၊ မိမိ၏ မိဘနှင့် လူသားအားလုံးထက် ငါကိုယ်တော်အား ပိုမချစ်သမျှ ကာလပတ်လုံး ပြည့်ဝသည့် မုအ်မင်န် မဖြစ်နိုင်ပေ။

49 - (م) عَنْ عُمَرَ بْنِ الخَطَّابِ قَالَ: بَيْنَمَا نَحْنُ عِنْدَ رَسُولِ اللهِ صلّى الله عليه وسلّم ذَاتَ يَوْمٍ، إِذْ طَلَعَ عَلَيْنَا رَجُلٌ شَدِيدُ بَيَاضِ الثِّيَابِ، شَدِيدُ سَوَادِ الشَّعْرِ، لاَ يُرَى عَلَيْهِ أَثَرُ السَّفَرِ، وَلاَ يَعْرِفُهُ مِنَّا أَحَدٌ، حَتَّى جَلَسَ إِلَى النَّبِيِّ صلّى الله عليه وسلّم، فَأَسْنَدَ رُكْبَتَيْهِ إِلَى رُكْبَتَيْهِ، وَوَضَعَ كَفَّيْهِ عَلَى فَخِذَيْهِ [1] ، وَقَالَ: يَا مُحَمَّدُ، أَخْبِرْنِي عَنِ الإِسْلاَمِ؟ فَقَالَ رَسُولُ اللهِ صلّى الله عليه وسلّم: (الإِسْلامُ: أَنْ تَشْهَدَ أَنْ لاَ إِلهَ إِلاَّ اللهُ، وَأَنَّ مُحَمَّداً رَسُولُ اللهِ صلّى الله عليه وسلّم، وَتُقِيمَ الصَّلاَةَ، وَتُؤْتِيَ الزَّكَاةَ، وَتَصُومَ رَمَضَانَ، وَتَحُجَّ البَيْتَ، إِنِ اسْتَطَعْتَ إِلَيْهِ سَبِيلاً) ، قَالَ: صَدَقْتَ.قَالَ: فَعَجِبْنَا لَهُ، يَسْأَلُهُ وَيُصَدِّقُهُ [2] . قَالَ: فَأَخْبِرْنِي عَنِ الإِيمَانِ؟ قَالَ: (أَنْ تُؤْمِنَ بِاللهِ، وَمَلاَئِكَتِهِ، وَكُتُبِهِ وَرُسُلِهِ، وَاليَوْمِ الآخِرِ، وَتُؤْمِنَ بِالقَدَرِ خَيْرِهِ وَشَرِّهِ) ، قَالَ: صَدَقْتَ.
قَالَ: فَأَخْبِرْنِي عَنِ الإِحْسَانِ؟ قَالَ: (أَنْ تَعْبُدَ اللهَ كَأَنَّكَ تَرَاهُ، فَإِنْ لَمْ تَكُنْ تَرَاهُ، فَإِنَّهُ يَرَاكَ) .
قَالَ: فَأَخْبِرْنِي عَنِ السَّاعَةِ؟ قَالَ: (مَا المَسْؤُولُ عَنْهَا بِأَعْلَمَ مِنَ السَّائِلِ) . قَالَ: فَأَخْبِرْنِي عَنْ أَمَارَتِهَا
[3]
؟ قَالَ: (أَنْ تَلِدَ الأَمَةُ رَبَّتَهَا، وَأَنْ تَرَى الحُفَاةَ العُرَاةَ، العَالَةَ [4] ، رِعَاءَ الشَّاءِ، يَتَطَاوَلُونَ فِي البُنْيَانِ) .
قَالَ: ثُمَّ انْطَلَقَ، فَلَبِثْتُ مَلِيّاً
[5]
، ثُمَّ قَالَ لِي: (يَا عُمَرُ! أَتَدْرِي مَنِ السَّائِلُ) ؟ قُلْتُ: اللهُ ورَسُولُهُ أَعْلَمُ، قَالَ: (فَإِنَّهُ جِبْرِيلُ، أَتَاكُمْ يُعَلِّمُكُمْ دِينَكُمْ) .

အုမရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တစ်ရက်တွင်ကျွန်တော်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ထံ၌ ထိုင်နေကြစဉ် လွန်စွာဖြူဖွေးသည့်အဝတ်အစားများ ဝတ်ဆင်ထားပြီး အလွန်မည်းနက်သော ဆံပင်ရှိသည့်ပုဂ္ဂိုလ်တစ်ဦး ကျွန်တော်တို့ရှေ့၌ ရုတ်တရက် ရောက်ရှိလာခဲ့သည်။ ထိုသူ၌ ခရီးထွက်လာသည့်လက္ခဏာ မတွေ့ရသလို ကျွန်တော်တို့ထဲတွင် သူ့ကိုသိသူ တစ်ဦးမျှလည်းမရှိပေ။ နောက်ဆုံးတွင် သူသည် တမန်တော်မြတ် ထံလာ၍ သူ၏ဒူးနှစ်ဖက်အား ကိုယ်တော်၏ဒူးနှစ်ဖက်နှင့်ထိကာ ကိုယ်တော်၏ပေါင်နှစ်ဖက်ပေါ်တွင် သူ၏လက်နှစ်ဖက်ကိုတင်၍ ထိုင်လိုက်ပါသည်။ ထို့နောက် သူက အို မုဟမ္မဒ်၊ ကျွန်ုပ်ကို အစ္စလာမ်နှင့်ပတ်သက်၍ ပြောပြပါဟု လျှောက်ထားလိုက်ပါသည်။ ထိုအခါ တမန်တော်မြတ်က အစ္စလာမ်ဟူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သည့်အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်ကြောင်း သက်သေခံခြင်း၊ ဆွလာသ်ဆောက်တည်ခြင်း၊ ဇကာသ်ပေးခြင်း၊ ရမဿွာန်လတွင် ဆွိယာမ်ဥပုသ်စောင့်ထိန်းခြင်းနှင့် (မက္ကဟ်မြို့သို့) သွားရောက်နိုင်စွမ်းရှိသူအတွက် ကအ်ဗဟ်ကျောင်းတော်သို့ သွားရောက် ဟဂျ် ပြုခြင်းတို့ဖြစ်သည်ဟု မိန့်ကြားတော်မူသည်။ ထိုအခါ ထိုသူက သင်ပြောတာ မှန်ပါသည် ဟုလျှောက်ထားခဲ့ရာ သူကိုယ်တိုင်က တမန်တော်မြတ်ကို မေးမြန်းလျှောက်ထားခဲ့ပြီးနောက် သူကိုယ်တိုင်ပင် မှန်ကန်ကြောင်းထောက်ခံသဖြင့် သူ့ကို ကျွန်တော်တို့ အံ့ဩခဲ့ကြရပါသည်။ ထို့နောက် ထိုသူက ကျွန်ုပ်ကို အီမာန်နှင့်ပတ်သက်၍ ပြောပြပါ ဟုလျှောက်ထားရာ တမန်တော်မြတ်က အီမာန်ဟူသည် သင့်အနေဖြင့် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ကောင်းကင်တမန်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ကျမ်းဂန်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်များကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ သက္ကဒီရ် အရှင်မြတ်၏ အကောင်းအဆိုးသတ်မှတ်ချက်ကိုလည်းကောင်း သက်ဝင်ယုံကြည်ခြင်းဖြစ်သည်ဟု မိန့်တော်မူသည်။ ထိုအခါ ထိုသူက သင်ပြောတာ မှန်ပါသည်ဟုလျှောက်ထားလိုက်ပါသည်။ ထို့နောက် ထိုသူက ကျွန်ုပ်ကို အိဟ်စာန်နှင့်ပတ်သက်၍ ပြောပြတော်မူပါဟုလျှောက်ထားရာ တမန်တော်မြတ်က အသင်သည် အလ္လာဟ်အရှင်မြတ်ကို မြင်နေရသကဲ့သို့ အရှင်မြတ်ကို ခဝပ်ကိုးကွယ်ပါ။ အကယ်၍ အသင်သည် အလ္လာဟ်အရှင်မြတ်ကို မမြင်မတွေ့နိုင်လျှင်လည်း အရှင်မြတ်က အသင့်ကိုမြင်တော်မူသည်(ဟုမှတ်ယူ၍ ခဝပ်ကိုးကွယ်ပါ)ဟု မိန့်တော်မူသည်။ ထိုသူက ကျွန်ုပ်ကို ကိယာမတ် ပြန်လည်ရှင်ပြန်ထမည့်နေ့နှင့်ပတ်သက်၍ ပြောပြတော်မူပါဟု လျှောက်ထားရာ တမန်တော်မြတ်က ထိုအကြောင်းအရာနှင့်ပတ်သက်၍ အမေးခံရသူသည် မေးမြန်းသူထက် ပိုမသိနိုင်ပါဟု မိန့်တော်မူသည်။ ထိုသူက သို့ဖြစ်လျှင် ထို(ကိယာမသ်)၏ ရှေ့ပြေးနိမိတ်လက္ခဏာများကို ပြောပြတော်မူပါဟု လျှောက်ထားရာ တမန်တော်မြတ်က ကျွန်မသည် မိမိ၏သခင်မကို မွေဖွားလိမ့်မည်။ ခြေဗလာအဝတ်အစားမဲ့ဆင်းရဲသားဆိတ်ကျောင်းသားတို့သည် မြင့်မားသည့်အဆောက်အဦးများ ဆောက်လုပ်ကြသည်ကို အသင် မြင်တွေ့ရလိမ့်မည်ဟု မိန့်တော်မူသည်။ ထို့နောက် ထိုပုဂ္ဂိုလ်သည် ထွက်ခွာသွားခဲ့ပါသည်။ အချိန်ခဏကြာပြီးနောက် တမန်တော်မြတ်က အို - အုမရ်၊ မေးမြန်းလျှောက်ထားသူကို အသင် သိပါသလားဟု မိန့်တော်မူရာကျွန်တော်က အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်သာ အသိဆုံးဖြစ်ပါသည် ဟုလျှောက်ထားလိုက်ပါသည်။ တမန်တော်မြတ်က စင်စစ်၊ ထိုသူသည် ဂျိဗ်ရီးလ် ဖြစ်သည်။ သူသည် အသင်တို့အား အသင်တို့၏သာသနာကိုသင်ကြားပေးရန် အသင်တို့ထံ ရောက်လာခဲ့ခြင်းဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့ပါသည်။

55 - (ق) عَنِ ابْنِ عَبَّاسٍ رضي الله عنهما، عَنِ النَّبِيِّ صلّى الله عليه وسلّم، فِيمَا يَرْوِي عَنْ رَبِّهِ عزّ وجل قَالَ: قَالَ: (إِنَّ اللهَ كَتَبَ الحَسَنَاتِ وَالسَّيِّئَاتِ ثُمَّ بَيَّنَ ذلِكَ، فَمَنْ هَمَّ بِحَسَنَةٍ فَلَمْ يَعْمَلْهَا كَتَبَهَا اللهُ لَهُ عِنْدَهُ حَسَنَةً كامِلَةً، فَإِنْ هُوَ هَمَّ بِهَا وَعَمِلَهَا كَتَبَهَا اللهُ لَهُ عِنْدَهُ عَشْرَ حَسَنَاتٍ إِلَى سَبْعِمِائَةِ ضِعْفٍ إِلَى أَضْعَافٍ كَثِيرَةٍ، وَمَنْ هَمَّ بِسَيِّئَةٍ فَلَمْ يَعْمَلْهَا كَتَبَهَا اللهُ لَهُ عِنْدَهُ حَسَنَةً كامِلَةً، فَإِنْ هُوَ هَمَّ بِهَا فَعَمِلَهَا كَتَبَهَا اللهُ لَهُ سَيِّئَةً وَاحِدَةً) .

အဗ်ဒုလ္လာဟ်ဗင်န်အဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ) ကဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိအရှင်မြတ်ထံတော်မှတဆင့် ဆင့်ပြန်တော်မူခဲ့သည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ကောင်းမှုများနှင့် မကောင်းမှုများကို ရေးမှတ်တော်မူပြီးနောက် ၎င်းတို့အား အသေးစိတ်ရှင်းပြတော်မူခဲ့သည်။ ထို့ကြောင့် မည်သူမဆို ကောင်းမှုတစ်ခုကို ပြုလုပ်ရန်ရည်ရွယ်ပြီး မလုပ်ဖြစ်ခဲ့လျှင် ၎င်းကို အလ္လာဟ်အရှင်မြတ်သည် မိမိထံတော်တွင် ပြည့်စုံသည့် ကောင်းမှုတစ်ခုအဖြစ် ရေးမှတ်တော်မူသည်။ အကယ်၍ ထိုသူသည် ယင်းကောင်းမှုကိုပြုလုပ်ရန် ရည်ရွယ်ပြီးနောက် လက်တွေ့ပြုလုပ်ခဲ့ပါက ၎င်းကို ထိုသူ့အတွက် အလ္လာဟ်အရှင်မြတ်က မိမိထံတော်တွင် ကောင်းမှု(၁၀)ဆမှ အဆ(၇၀၀) အထိ၊ ထိုမှ အဆပေါင်းမြောက်မြားစွာထိ ရေးမှတ်တော်မူမည်ဖြစ်သည်။ ၎င်းအပြင် အကြင်သူသည် မကောင်းမှုတစ်ခုကို ပြုလုပ်ရန် ရည်ရွယ်ပြီး မလုပ်ခဲ့လျှင် ၎င်းကို အလ္လာဟ်အရှင် မြတ်သည် မိမိထံတွင် ပြည့်စုံသည့် ကောင်းမှုတစ်ခုအဖြစ် ရေးမှတ်တော်မူသည်။ အကယ်၍ ထိုသူသည် ၎င်းကိုပြုလုပ်ရန် ရည်ရွယ်ပြီးနောက် လက်တွေ့ပြုလုပ်ခဲ့လျှင် ၎င်းကို သူ့အတွက် အလ္လာဟ်အရှင်မြတ်သည် မကောင်းမှုတစ်ခုအဖြစ်သာ ရေးမှတ်တော်မူမည်။ မွတ်စ်လင်မ်ကျမ်း၏ ဆင့်ပြန်ချက်တွင် အပိုပါရှိသည်မှာ၊ အလ္လာဟ်အရှင်မြတ်၏ ထံတော်ပါးတွင် (မိမိ၏မကောင်းမှုများကြောင့်) ပျက်စီးခြင်း ခံထိုက်သူသာလျှင် ပျက်စီးလိမ့်မည်ဖြစ်သည်။

68 - (م) عَنْ تَمِيمٍ الدَّارِيِّ: أَنَّ النَّبِيَّ صلّى الله عليه وسلّم قَالَ: (الدِّينُ النَّصِيحَةُ) قُلْنَا: لِمَنْ؟ قَالَ: (لِلَّهِ، وَلِكِتَابِهِ، وَلِرَسُولِهِ، وَلأَئِمَّةِ المُسْلِمِينَ، وَعَامَّتِهِمْ) .

အဗူရုကိုင်ယ်ယဟ်သမီမ် ဗင်န် အောဝ်စ် အဒ္ဒါရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သာသနာဟူသည် “ကောင်းကျိုးလိုလားခြင်းဖြစ်သည်”ဟု မိန့်တော်မူခဲ့သည်။ ကျွန်တော်တို့က မည်သူ့အတွက်ပါနည်းဟု မေးလျှောက်ခဲ့ကြရာ ကိုယ်တော်က “အလ္လာဟ်အရှင်မြတ်အတွက်၊ အရှင်မြတ်၏ ကျမ်းဂန်အတွက်၊ အရှင်မြတ်၏ ရစူလ်တမန်တော်အတွက်၊ မွတ်စ်လင်မ်ခေါင်းဆောင်များအတွက်နှင့် အများမွတ်စ်လင်မ်တို့အတွက်ဖြစ်သည်”ဟု ဖြေကြားတော်မူခဲ့သည်။

197 - (ق) عَنْ أَبِي هُرَيْرَةَ: أَنَّ رَسُولَ اللهِ صلّى الله عليه وسلّم قَالَ: (حُجِبَتِ النَّارُ بِالشَّهَوَاتِ، وَحُجِبَتِ الجَنَّةُ بِالمكارِهِ) ..

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်။ ဂျဟန္နမ်ငရဲအား စိတ်အလိုရမ္မက်များဖြင့် ဖုံးအုပ်ထားပြီး ဂျန္နသ်သုခဘုံအား မနှစ်မြို့ဖွယ်ရာများဖြင့် ဖုံးအုပ်ထားသည်။ (ဗုခါရီကျမ်း၊မွတ်စ်လင်မ်ကျမ်း) ဤစာသားသည် ဗုခါရီကျမ်း၏ စာသားဖြစ်သည်။ ၎င်းတို့နှစ်ဦး၏ ဆင့်ပြန်ချက်တစ်ရပ်တွင် «حجبت» ဖုံးအုပ်ထားသည် ဟူသည့်စကားလုံးအစား «حفت » ဝန်းရံထားသည် ဟုလာရှိသည်။