17 ـ باب: الإيمان والإسلام والإحسان

Hadith No.: 49

49 - (م) عَنْ عُمَرَ بْنِ الخَطَّابِ قَالَ: بَيْنَمَا نَحْنُ عِنْدَ رَسُولِ اللهِ صلّى الله عليه وسلّم ذَاتَ يَوْمٍ، إِذْ طَلَعَ عَلَيْنَا رَجُلٌ شَدِيدُ بَيَاضِ الثِّيَابِ، شَدِيدُ سَوَادِ الشَّعْرِ، لاَ يُرَى عَلَيْهِ أَثَرُ السَّفَرِ، وَلاَ يَعْرِفُهُ مِنَّا أَحَدٌ، حَتَّى جَلَسَ إِلَى النَّبِيِّ صلّى الله عليه وسلّم، فَأَسْنَدَ رُكْبَتَيْهِ إِلَى رُكْبَتَيْهِ، وَوَضَعَ كَفَّيْهِ عَلَى فَخِذَيْهِ [1] ، وَقَالَ: يَا مُحَمَّدُ، أَخْبِرْنِي عَنِ الإِسْلاَمِ؟ فَقَالَ رَسُولُ اللهِ صلّى الله عليه وسلّم: (الإِسْلامُ: أَنْ تَشْهَدَ أَنْ لاَ إِلهَ إِلاَّ اللهُ، وَأَنَّ مُحَمَّداً رَسُولُ اللهِ صلّى الله عليه وسلّم، وَتُقِيمَ الصَّلاَةَ، وَتُؤْتِيَ الزَّكَاةَ، وَتَصُومَ رَمَضَانَ، وَتَحُجَّ البَيْتَ، إِنِ اسْتَطَعْتَ إِلَيْهِ سَبِيلاً) ، قَالَ: صَدَقْتَ.قَالَ: فَعَجِبْنَا لَهُ، يَسْأَلُهُ وَيُصَدِّقُهُ [2] . قَالَ: فَأَخْبِرْنِي عَنِ الإِيمَانِ؟ قَالَ: (أَنْ تُؤْمِنَ بِاللهِ، وَمَلاَئِكَتِهِ، وَكُتُبِهِ وَرُسُلِهِ، وَاليَوْمِ الآخِرِ، وَتُؤْمِنَ بِالقَدَرِ خَيْرِهِ وَشَرِّهِ) ، قَالَ: صَدَقْتَ.
قَالَ: فَأَخْبِرْنِي عَنِ الإِحْسَانِ؟ قَالَ: (أَنْ تَعْبُدَ اللهَ كَأَنَّكَ تَرَاهُ، فَإِنْ لَمْ تَكُنْ تَرَاهُ، فَإِنَّهُ يَرَاكَ) .
قَالَ: فَأَخْبِرْنِي عَنِ السَّاعَةِ؟ قَالَ: (مَا المَسْؤُولُ عَنْهَا بِأَعْلَمَ مِنَ السَّائِلِ) . قَالَ: فَأَخْبِرْنِي عَنْ أَمَارَتِهَا
[3]
؟ قَالَ: (أَنْ تَلِدَ الأَمَةُ رَبَّتَهَا، وَأَنْ تَرَى الحُفَاةَ العُرَاةَ، العَالَةَ [4] ، رِعَاءَ الشَّاءِ، يَتَطَاوَلُونَ فِي البُنْيَانِ) .
قَالَ: ثُمَّ انْطَلَقَ، فَلَبِثْتُ مَلِيّاً
[5]
، ثُمَّ قَالَ لِي: (يَا عُمَرُ! أَتَدْرِي مَنِ السَّائِلُ) ؟ قُلْتُ: اللهُ ورَسُولُهُ أَعْلَمُ، قَالَ: (فَإِنَّهُ جِبْرِيلُ، أَتَاكُمْ يُعَلِّمُكُمْ دِينَكُمْ) .

အုမရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တစ်ရက်တွင်ကျွန်တော်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ထံ၌ ထိုင်နေကြစဉ် လွန်စွာဖြူဖွေးသည့်အဝတ်အစားများ ဝတ်ဆင်ထားပြီး အလွန်မည်းနက်သော ဆံပင်ရှိသည့်ပုဂ္ဂိုလ်တစ်ဦး ကျွန်တော်တို့ရှေ့၌ ရုတ်တရက် ရောက်ရှိလာခဲ့သည်။ ထိုသူ၌ ခရီးထွက်လာသည့်လက္ခဏာ မတွေ့ရသလို ကျွန်တော်တို့ထဲတွင် သူ့ကိုသိသူ တစ်ဦးမျှလည်းမရှိပေ။ နောက်ဆုံးတွင် သူသည် တမန်တော်မြတ် ထံလာ၍ သူ၏ဒူးနှစ်ဖက်အား ကိုယ်တော်၏ဒူးနှစ်ဖက်နှင့်ထိကာ ကိုယ်တော်၏ပေါင်နှစ်ဖက်ပေါ်တွင် သူ၏လက်နှစ်ဖက်ကိုတင်၍ ထိုင်လိုက်ပါသည်။ ထို့နောက် သူက အို မုဟမ္မဒ်၊ ကျွန်ုပ်ကို အစ္စလာမ်နှင့်ပတ်သက်၍ ပြောပြပါဟု လျှောက်ထားလိုက်ပါသည်။ ထိုအခါ တမန်တော်မြတ်က အစ္စလာမ်ဟူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သည့်အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်ကြောင်း သက်သေခံခြင်း၊ ဆွလာသ်ဆောက်တည်ခြင်း၊ ဇကာသ်ပေးခြင်း၊ ရမဿွာန်လတွင် ဆွိယာမ်ဥပုသ်စောင့်ထိန်းခြင်းနှင့် (မက္ကဟ်မြို့သို့) သွားရောက်နိုင်စွမ်းရှိသူအတွက် ကအ်ဗဟ်ကျောင်းတော်သို့ သွားရောက် ဟဂျ် ပြုခြင်းတို့ဖြစ်သည်ဟု မိန့်ကြားတော်မူသည်။ ထိုအခါ ထိုသူက သင်ပြောတာ မှန်ပါသည် ဟုလျှောက်ထားခဲ့ရာ သူကိုယ်တိုင်က တမန်တော်မြတ်ကို မေးမြန်းလျှောက်ထားခဲ့ပြီးနောက် သူကိုယ်တိုင်ပင် မှန်ကန်ကြောင်းထောက်ခံသဖြင့် သူ့ကို ကျွန်တော်တို့ အံ့ဩခဲ့ကြရပါသည်။ ထို့နောက် ထိုသူက ကျွန်ုပ်ကို အီမာန်နှင့်ပတ်သက်၍ ပြောပြပါ ဟုလျှောက်ထားရာ တမန်တော်မြတ်က အီမာန်ဟူသည် သင့်အနေဖြင့် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ကောင်းကင်တမန်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ကျမ်းဂန်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်များကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ သက္ကဒီရ် အရှင်မြတ်၏ အကောင်းအဆိုးသတ်မှတ်ချက်ကိုလည်းကောင်း သက်ဝင်ယုံကြည်ခြင်းဖြစ်သည်ဟု မိန့်တော်မူသည်။ ထိုအခါ ထိုသူက သင်ပြောတာ မှန်ပါသည်ဟုလျှောက်ထားလိုက်ပါသည်။ ထို့နောက် ထိုသူက ကျွန်ုပ်ကို အိဟ်စာန်နှင့်ပတ်သက်၍ ပြောပြတော်မူပါဟုလျှောက်ထားရာ တမန်တော်မြတ်က အသင်သည် အလ္လာဟ်အရှင်မြတ်ကို မြင်နေရသကဲ့သို့ အရှင်မြတ်ကို ခဝပ်ကိုးကွယ်ပါ။ အကယ်၍ အသင်သည် အလ္လာဟ်အရှင်မြတ်ကို မမြင်မတွေ့နိုင်လျှင်လည်း အရှင်မြတ်က အသင့်ကိုမြင်တော်မူသည်(ဟုမှတ်ယူ၍ ခဝပ်ကိုးကွယ်ပါ)ဟု မိန့်တော်မူသည်။ ထိုသူက ကျွန်ုပ်ကို ကိယာမတ် ပြန်လည်ရှင်ပြန်ထမည့်နေ့နှင့်ပတ်သက်၍ ပြောပြတော်မူပါဟု လျှောက်ထားရာ တမန်တော်မြတ်က ထိုအကြောင်းအရာနှင့်ပတ်သက်၍ အမေးခံရသူသည် မေးမြန်းသူထက် ပိုမသိနိုင်ပါဟု မိန့်တော်မူသည်။ ထိုသူက သို့ဖြစ်လျှင် ထို(ကိယာမသ်)၏ ရှေ့ပြေးနိမိတ်လက္ခဏာများကို ပြောပြတော်မူပါဟု လျှောက်ထားရာ တမန်တော်မြတ်က ကျွန်မသည် မိမိ၏သခင်မကို မွေဖွားလိမ့်မည်။ ခြေဗလာအဝတ်အစားမဲ့ဆင်းရဲသားဆိတ်ကျောင်းသားတို့သည် မြင့်မားသည့်အဆောက်အဦးများ ဆောက်လုပ်ကြသည်ကို အသင် မြင်တွေ့ရလိမ့်မည်ဟု မိန့်တော်မူသည်။ ထို့နောက် ထိုပုဂ္ဂိုလ်သည် ထွက်ခွာသွားခဲ့ပါသည်။ အချိန်ခဏကြာပြီးနောက် တမန်တော်မြတ်က အို - အုမရ်၊ မေးမြန်းလျှောက်ထားသူကို အသင် သိပါသလားဟု မိန့်တော်မူရာကျွန်တော်က အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်သာ အသိဆုံးဖြစ်ပါသည် ဟုလျှောက်ထားလိုက်ပါသည်။ တမန်တော်မြတ်က စင်စစ်၊ ထိုသူသည် ဂျိဗ်ရီးလ် ဖြစ်သည်။ သူသည် အသင်တို့အား အသင်တို့၏သာသနာကိုသင်ကြားပေးရန် အသင်တို့ထံ ရောက်လာခဲ့ခြင်းဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့ပါသည်။

قال تعالى: {إِنَّ الدِّينَ عِنْدَ اللَّهِ الإِسْلاَمُ}. [آل عمران:19] وقال تعالى: {وَمَنْ يَكْفُرْ بِاللَّهِ وَمَلاَئِكَتِهِ وَكُتُبِهِ وَرُسُلِهِ وَالْيَوْمِ الآخِرِ فَقَدْ ضَلَّ ضَلاَلاً بَعِيدًا}. [النساء:136] وقال تعالى: {وَأَحْسِنُوا إِنَّ اللَّهَ يُحِبُّ الْمُحْسِنِينَ}. [البقرة:195]

[م8]