85 - عَن ابْنِ عَبَّاسٍ قَالَ: كُنْتُ خَلْفَ رَسُولِ اللهِ صلّى الله عليه وسلّم يَوْماً فَقَالَ: (يَا غُلاَمُ، إِنِّي أُعَلِّمُكَ كَلِمَاتٍ، احْفَظِ اللهَ يَحْفَظْكَ، احْفَظِ اللهَ تَجِدْهُ تُجَاهَكَ، إِذَا سَألْتَ فَاسْأَلِ اللهَ، وَإِذَا اسْتَعَنْتَ فَاسْتَعِنْ بِاللهِ، وَاعْلَمْ أَنَّ الْأُمَّةَ لَوْ اجْتَمَعَتْ عَلَى أَنْ يَنْفَعُوكَ بِشَيْءٍ لَمْ يَنْفَعُوكَ إِلاَّ بِشَيْءٍ قَدْ كَتَبَهُ اللهُ لَكَ، وَلَوْ اجْتَمَعُوا عَلَى أَنْ يَضُرُّوكَ بِشَيْءٍ لَمْ يَضُرُّوكَ إِلاَّ بِشَيْءٍ قَدْ كَتَبَهُ اللهُ عَلَيْكَ، رُفِعَتِ الْأَقْلاَمُ وَجَفَّتِ الصُّحُفُ) .
အဗ်ဒုလ္လာဟ်ဗင်န်အဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တစ်နေ့ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ နောက်တွင် လိုက်ပါစီးနင်းခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ အို - ကောင်လေး ငါကိုယ်တော် သင့်အား အချို့ သောစကားရပ်များကို သင်ကြားပေးတော်မူမည်။ သင်အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို(လိုက်နာပြီး) ထိန်းသိမ်းပါလေ။ အရှင်မြတ်သည် သင့်အား ထိန်းသိမ်းစောင့်ရှောက်တော်မူမည်။ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို(လိုက်နာပြီး) ထိန်းသိမ်းပါလေ။ အလ္လာဟ်အရှင်မြတ်သည် သင့်အရှေ့မှ ကူညီတော်မူလိမ့်မည်။ သင်တောင်းခံမည်ဆိုပါက အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ တောင်းခံပါ။ သင်အကူအညီတောင်းမည် ဆိုပါကလည်း အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ အကူအညီတောင်းခံပါ။အသင်ကောင်းစွာ မှတ်သားပါလေ။ အကယ်၍ လူသားထုတစ်ရပ်လုံးက သင့်အား တစ်စုံတစ်ရာ အကျိုးပြုရန် စုရုံးခဲ့ကြလျှင်လည်း အလ္လာဟ်အရှင်မြတ်က သင့်အတွက် သတ်မှတ်ထားသောအရာမှအပ အခြားမည်သည့် အကျိုးကိုမျှ ပြုနိုင်ကြမည် မဟုတ်ပေ။ အကယ်၍ လူသားထုတစ်ရပ်လုံး သင့်အား တစ်စုံတစ်ရာ ဆိုးကျိုးပြုရန် စုရုံးခဲ့ကြလျှင်လည်း အလ္လာဟ်အရှင်မြတ်က သင့်အတွက် သတ်မှတ်ထားသောအရာမှအပ အခြားမည်သည့်ဆိုးကျိုးကိုမျှ ပေးနိုင်ကြမည် မဟုတ်ပေ။ (သက္ကဒီရ်အား ရေးမှတ်သည့်) ကလောင်တံများလည်း မ ယူခြင်းခံလိုက်ရပြီး (ရေးမှတ်ထားသည့်) မှတ်တမ်းများလည်း ခြောက်သွေ့ သွားပြီ ဖြစ်သည်။ အခြားဆင့်ပြန်ချက် တစ်ရပ်တွင် လာရှိသည်မှာ- (အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို(လိုက်နာပြီး) ထိန်းသိမ်းပါလေ။ အလ္လာဟ်အရှင်မြတ်သည် သင့်အရှေ့မှ ကူညီတော်မူလိမ့်မည်။ ချောင်လည်သောအချိန်၌ အလ္လာဟ်အရှင်မြတ်အား သတိရပါ။ သင်အခက်အခဲဖြစ်နေချိန်တွင် အရှင်မြတ်သည် သင့်အားသတိရတော်မူလိမ့်မည်။) အသင်ကောင်းစွာမှတ်သားပါ၊ သင့်အတွက် မသတ်မှတ်ထားသော အရာသည် သင့်ထံသို့ ဆိုက်ရောက်လာမည် မဟုတ်သလို၊ သင့်အတွက် သတ်မှတ်ထားသော အရာသည်လည်း သင့်ထံမှ လွဲချော်သွားမည် မဟုတ်ပေ။ အသင်ကောင်းစွာမှတ်သားပါ၊ ဧကန်အမှန်ပင် သည်းခံခြင်းနှင့်အတူ အကူအညီရှိသည်၊ ကျပ်တည်းမှုနှင့်အတူ ချောင်လည်မှုရှိသည်၊ခက်ခဲမှုနှင့်အတူ လွယ်ကူမှုရှိသည်။
قال تعالى: {وَهُوَ مَعَكُمْ أَيْنَ مَا كُنْتُمْ وَاللَّهُ بِمَا تَعْمَلُونَ بَصِيرٌ}. [الحديد:4]
[ت2516]